the romans road


you will need the zawgyi-one font >> HERE <<



ကယ်တင်ခြင်းရရှိရန် ရောမသြ၀ါဒစာထဲ၌ရှိသော ကျမ်းစာပုဒ်ဟူသည် အဘယ်နည်း?

ကယ်တင်ခြင်းရရှိရန် ရောမလမ်းသည်ရောမသြ၀ါဒစာထဲ၌ ကျမ်းပိုဒ်တို့ကိုအသုံးပြု၍ သတင်းကောင်းဝေငှသော နည်းလမ်းဖြစ်သည်။ ၄င်းနည်းဗျူဟာသည် လွယ်ကူသော်လည်းအဘယ် ကြောင့်ကယ်တင်ခြင်းလိုအပ်သည်ကို၎င်း၊ ကယ်တင်ခြင်းအတွက် ဘုရားသခင်ကမည်သို့ စီမံပေးခဲ့ သည်ကို၎င်း၊ ကယ်တင်ခြင်းမည်သို့ရရှိမည်ကို၎င်း၊ ကယ်တင်ခြင်း၏ရလဒ်အဖြေသည် မည်သို့သော အရာဖြစ်သည်ကို၎င်း၊ ကွက်ကွက်ကွင်းကွင်းဖော်ပြထားသော နည်းဗျူဟာဖြစ်သည်။

ရောမလမ်းဖြင့်ကယ်တင်ခြင်းရရှိစေသော ပထမကျမ်းပိုဒ်သည် ရောမ၊ ၃း၁၃ ဖြစ်သည်။ “အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုက္ခရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသားရေပျက်ကြပြီ။” ကျွန်ုပ်တို့သည် အပြစ်ဒုက္ခရိုက်ပြုခဲ့ကြပြီ။ ကျွန်ုပ်တို့ပြုခဲ့သမျှသော အရာအား လုံးတို့က ဘုရားသခင်၏စိတ်တော်ကို နာကျည်းစေခဲ့သည်။ အပြစ်မရှိသောသူ တစ်ယောက်မျှမရှိပေ။ ရောမ၊ ၃း၁၀-၁၈ ထဲတွင် ကျွန်ုပ်တို့၏အသက်တာထဲ၌ အပြစ်သည်မည်သည့်အရာဖြစ်သည်ကို ဖော်ပြထားပါသည်။ ရောမလမ်းဖြင့် ကယ်တင်ခြင်းရရှိစေသော ဒုတိယကျမ်းပိုဒ်သည် ရောမ၊ ၆း၂၃ ဖြစ်သည်။ ၄င်းက အပြစ်တရား၏ ကွင်းဆက်တို့ကို ဖော်ပြထားပါသည်။ “အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရာသခင်ပေးတော်မူသော ကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” ကျွန်ူပ်တို့၏ အပြစ်အတွက်ရရှိရမည့် တရားစီရင်ခြင်းသည် သေခြင်းဖြစ် သည်။ ခန္ဓာကိုယ်သေခြင်းမျိုးမဟုတ်ပဲ ထာဝရသေခြင်းမျိုးဖြစ်သည်။

ရောမလမ်းဖြင့် ကယ်တင်ခြင်းရရှိစေသော တတိယမြောက်ကျမ်းပိုဒ်သည် ရောမ၊ ၆း၂၃ ၌ ကျန်သေးသော အကြောင်းအရာဖြစ်သည်။ “ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း“။ ရောမ၊ ၅း၈ က “ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့အားအ ဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အားထင်ရှားစွာပြတော်မူ၏” ဟု မိန့်ဆိုထားပါသည်။ သခင် ယေရှုသည် ကျွန်ူပ်တို့အတွက် အသေခံခဲ့သည်။ သခင်ယေရှု၏ အသေခံခြင်းသည် ပြစ်ကြွေးအားလုံး ပေးဆပ်ကြေအေးသည်ဟု လက်ခံကြောင်းကို သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းက သက်သေ ထူသည်။

ရောမလမ်းဖြင့် ကယ်တင်ခြင်းရရှိစေသော စတုတ္ထမြောက်ကျမ်းပိုဒ်သည် ရောမ၊ ၁၀း၉ ဖြစ်သည်။ “အဘယ်သို့နည်းဟူမူကား၊ သင်သည်သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက် လိမ့်မည်။” သခင်ယေရှုသည် ကျွန်ူပ်တို့ကိုယ်စား အသေခံခဲ့သောကြောင့် ကျွန်ူတို့ကသူ့ကို ယုံကြည် ရန်နှင့် ကျွန်ူပ်တို့၏ပြစ်ကြွေးပေးဆပ်ရန် အသေခံခဲ့ကြောင်းကို ယုံကြည်ရန်လိုအပ်သည်။ သို့မှ ကျွန်ူပ်တို့သည် ကယ်တင်ခြင်းရရှိပါလိမ့်မည်။ ရောမ၊ ၁၀း၃၁ထဲတွင် ဤသို့မိန့်ဆိုထားပါသည်။ “ကယ် တင်ခြင်းသို့ရောက်စေခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။ “ကျွန်ူပ်တို့၏ ပြစ်ကြွေးအားလုံးပေးဆပ်ရန်နှင့် ထာဝရသေခြင်းမှ ကယ်နှုတ်ရန် သခင်ယေရှုအသေခံခြင်းဖြစ်သည်။ ကယ်တင်ခြင်းတရား၊ အပြစ် လွှတ်ခြင်းတရားသည် သခင်ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အသက်သခင်အဖြစ် လက်ခံယုံ ကြည်သောသူတို့အတွက် ဖြစ်သည်။

ရောမလမ်းဖြင့် ကယ်တင်ခြင်းရရှိစေသော နောက်ဆုံးယူဆချက်သည် ကယ်တင်ခြင်း တရား ၏ အကျိုးကျေးဇူးဖြစ်သည်။ ရောမ၊ ၅း၁ ထဲတွင်ဤအကြောင်းနှင့်ပတ်သတ်၍ အံသြဖွယ်ကောင်း သောသတင်းကိုတွေ့ရှိနိုင်သည်။“ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ ဖြောင့်မှတ်ရာသို့ ရောက်လျှင် ငါတို့သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏” သခင် ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် ငြိမ်းချမ်းစွာမိတ်သာဟာရဖွဲ့ခြင်း အခွင့်ရရှိ သည်။ ရောမ၊ ၈း၁ က “ ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိ ပကတိအတိုင်းမကျင့်၊ ၀ိညာဉ်ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွှတ်ကြ၏။” သခင်ယေရှုသည် ကျွန်ူပ်တို့ကိုယ်စား အသေခံခဲ့သောကြောင့် ကျွန်ူပ်တို့သည်အပြစ်စီရင်ခြင်းမှ လွှတ် မြောက်ခဲ့သည်။ နောက်ဆုံးအနေဖြင့်၊ ရောမ၊ ၈း၃၈-၃၉ ထဲတွင် ဘုရားသခင်၏မြင့်မြတ်သော ကတိ တော်ကိုတွေ့နိုင်သည်။ “ အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင် တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာ လတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိကအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါတို့ သည်သဘောကျလျက်ရှိ၏။”

မိတ်ဆွေသည်ရောမလမ်းအားဖြင့်ကယ်တင်ခြင်းရယူလိုပါသလား? ရယူလိုပါကမိတ်ဆွေသည် ဘုရားသခင်ထံဆုတောင်းနိုင်ရန် ဆုတောင်းချက်ပေးထားပါသည်။ ဤသို့ဆုတောင်းခြင်းသည် မိတ် ဆွေက ကယ်တင်ခြင်းရရှိရန် သခင်ယေရှုခရစ်တော်ကို မှီခိုအားထားကြောင်း ဘုရားသခင်အား ဖော်ပြထားသောနည်းလမ်းဖြစ်သည်။ ဤဆုတောင်းခြင်းစကားက မိတ်ဆွေကိုမကယ်တင်နိုင်ပေ။ ခရစ်တော်ကိုယုံကြည်မှသာ ကယ်တင်ခြင်းရရှိမည်ဖြစ်သည်။

“ ဘုရားသခင်၊ ကျွန်ူပ်သည်ကိုယ်တော် ကိုပြစ်မှားကြောင်းနှင့် ထိုအပြစ်တရားအတွက် တရားစီရင်ခြင်းအပြစ်ဒဏ်ကို ကျွန်ူပ်သည်ခံထိုက် ကြောင်းကျွန်ူပ်သိပါ၏။ ကျွန်ူပ်ခံထိုက်သော ပြစ်ကြွေးအားလုံးကို သခင်ယေရှုခရစ်တော်က ယူဆောင် သွားခဲ့သောကြောင့် ကျွန်ူပ်သည်ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် လွှတ်ခြင်းအခွင့်ရပါ၏။ ကျွန်ူပ် သည်အပြစ်ဒုက္ခနွံမှ ရုန်းထွက်၍ကယ်တင်ခြင်းရရှိရန် ကိုယ်တော့်ကိုကျွန်ူပ်ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်၏အံ့သြဖွယ်သော ကျေးဇူးတော်တရားနှင့် ခွင့်လွှတ်ခြင်းတရား၊ ထာဝရဆုကျေးဇူးတော် အတွက် ကိုယ်တော့်ကိုကျေးဇူးတင်ပါ၏ ! အာမင် !






AMAZING GRACE BIBLE INSTITUTE